Transpose: 0
Scroll Speed: 5/9

ဒီနေ့

တေးရေး: G Fatt
Key: A
[ကြော်ငြာ] သီချင်းစာသားကြည့်ရန် အောက်ကိုဆွဲပါ

Intro

:||A___ |Gbm___ |D___ |E___ ||:

Chorus

Aဒီနေ့ ငါအလိုလို ဝမ်းနည်းနေတယ် အ
Gbmချစ်လေး
နေရာတကာ မင်းမျက်နှာတွေ
Dဟာအပြည့်
ငါလွမ်းလွန်းလို့ပါ ဘယ်
Eနား မင်းပုန်းရှောင်နေ
Aဒီနေ့ အရာရာ ဘာတစ်ခုမှ အဆင်ပြေတာ
Gbmမတွေ့
စုံတွဲများ မျက်စိ
Dရှေ့ ဖြတ်လျှောက်သွားတိုင်းဟေ့
ငါ
Eဝမ်းနည်းစိတ်နဲ့ ကျော်ဖြတ်မယ့် မနက်ဖြန်တွေ

Rap 1 [Round Chords as Chorus]

ငါလမ်းခွဲမပေးနိုင်ဘူး ဒီစကားကိုမှတ်ပါ နင်နားစိုက်
မုန်းတယ်လို့ပြောမယ့်အစား ငါ့ပါးကိုအချက်တစ်ရာ အရင်ပါးရိုက်
အရမ်းလွမ်းတယ် အရှေ့အရပ်ကနေမင်း တစ်ဖက်မှာဝင်သွားတိုင်း
နောက်တစ်နေ့ အိပ်ရာထတော့ မင်းစိတ်နဲ့ မျက်နှာသစ်သွားတိုက်
အတူတူစားနေကြဆိုင်မှာ မနက်စာထိုင်စားတော့
ဆိုင်ရှင်ကြီးကမေးတယ် ဟေ့ကောင် မင်းကောင်မလေးရော
ငါဘာပြောရမှန်းကို မသိပါ ခေါင်းကိုငုံ့ပြီးတော့ ကျလာတဲ့မျက်ရည်စတွေကို
တစ်ရှုးနဲ့သုတ်ကာ ဒီလိုနဲ့ လှည့်ပြန်ခဲ့တယ် လျှောက်နေကျလမ်းပေါ်
ဒီချိန်ဆို မင်းက အိပ်ရာထနေသေးမှာ မဟုတ်ဘူးပေါ့
ငါဒီလို စဉ်းစားမိပြန်တော့ ဘယ်သူများ ဖုန်းဆက်နှိုးမလဲ တွေးပြီးစိတ်ပူရော

Chorus

Aဒီနေ့ ငါအလိုလို ဝမ်းနည်းနေတယ် အ
Gbmချစ်လေး
နေရာတကာ မင်းမျက်နှာတွေ
Dဟာအပြည့်
ငါလွမ်းလွန်းလို့ပါ ဘယ်
Eနား မင်းပုန်းရှောင်နေ
Aဒီနေ့ အရာရာ ဘာတစ်ခုမှ အဆင်ပြေတာ
Gbmမတွေ့
စုံတွဲများ မျက်စိ
Dရှေ့ ဖြတ်လျှောက်သွားတိုင်းဟေ့
ငါ
Eဝမ်းနည်းစိတ်နဲ့ ကျော်ဖြတ်မယ့် မနက်ဖြန်တွေ

Music

|A___ |Gbm___ |D___ |E___ |

Rap 2 [Round Chords as Chorus]

သူမက ဒီကောင်းကင်နဲ့ မြေကြီးရဲ့ကြားထဲက ကျွန်တော်အချစ်ဆုံး သူစိမ်းတစ်ယောက်ပါဗျာ
သူ့အတွက်ဆို သူ့မိဘချမှတ်တဲ့ စည်းကမ်းနဲ့ ဥပဒေလည်း သပိတ်မှောက်မှာပါ
ကျွန်တော့်ရဲ့ အလွမ်းတွေရဲ့ ဆယ်ပုံပုံတစ်ပုံစာ တစိတ်လောက်ပမာဏ
သူပြန်လွမ်းမယ်ဆို အခုချိန် အငိုတောင်တိတ်လောက်ပ့ါမလား
တခါတလေ စိတ်ကောက်စရာရှားလို့ ကျွန်တော်ပြောသမျှ စကားအားလုံး ပုံပြင်တွေကြီးပဲဆိုပြီး
နှုတ်ခမ်းလေးဆူ စိတ်ကောက်နေတတ်တာကိုပဲ ပြန်ခုံမင်နေမိ
ဒါနဲ့ စကားမစပ် ရုပ်ရှင်လက်မှတ် သွားဖြတ်ထားတယ် တုံကင်တွေအမှီ
နင်ကြိုက်တဲ့ မင်းသားနဲ့ မင်းသမီးရဲ့ ဇာတ်ကားတွေ သမ္မတမှာ ရုံတင်နေပြီ
အိမ်ကခိုးထွက်ခဲ့ နင့်အမေဆူရင် အရင်လိုပဲ ငါပဲခေါင်းခံမှာပေါ့
တစ်ချိန်က ငါတို့အတွက်နဲ့ စိတ်ရှုပ်ခဲ့ရတဲ့ လူကြီးတွေလည်း တောင်းပန်ကာပြော
Message တစ်စောင်တော့ အကြောင်းပြန်ပါနော် နင့်ဖုန်းက အဲဗားဧရိယာပြင်ပ
ခြင်္သေ့လို မာနနဲ့ကောင်လည်း နင့်ရှေ့ဆို ခွေးလို မြေကြီးမှာဝပ်တွား
တစ်နေ့တကယ် ငါတို့ပေါင်းရမယ်ထင်ပြီး နင့်ရဲ့အနွေးထည်မှာ
ထိုးထားတဲ့ ငါတို့နှစ်ယောက်လက်မှတ်လေး ဆေးပြယ်မှာဆိုး
ကုန်ကုန်ပြောရရင် ထမင်းစားရင်တောင်မှ သူကြိုက်တဲ့ ဟင်းတွေပဲ ရွေးဝယ်တာမျိုး
အခုတော့ ငါတစ်ယောက်ထဲ ဘယ်လိုစားနိုင်မှာလဲ နင်မပါတဲ့ နေ့လည်စာကို
နောက်ဆုံး မုန့်ဝယ်စားရင်တောင် နှစ်ယောက်သား အတူတူ လုနေကြပါ
သူငယ်ချင်းတွေပြောကုန်ပြီ G Fatt မင်းအဲ့လောက်တောင် ရူးနေလားကွာ
ဆူးလေဘုရားနားက သိပ်အလွမ်းထန်တဲ့ ညနေမျိုး နင့်အကြောင်း လှမ်းမေးမိတယ် အိပ်တန်းပြန်တဲ့ ငှက်တွေကို

Bridge

ဒီလိုနဲ့ ‎
Aမိုးချုပ်တော့မယ်ကွာ ငါတကယ်ကို စိုး
Gbmထိတ်မိတာက
ချည်နှောင်တဲ့ ‎
Dကြိုးတွေ ငါတို့နှစ်ယောက်ကြားမှာ ပြတ်တောက်
Eသွားပြီလား
ဒီလိုနဲ့ ‎
Aမိုးချုပ်တော့မယ်ကွာ နင်မပါလို့ ‎
Gbmငြိုးအားကြီးနေတာ
ငိုနေတဲ့ ‎
Dငါ့မျက်လုံးတွေ အိပ်စက်သွားတောင် ခြောက်
Eလှန့်ဦးမယ် အိပ်မက်ဆိုးတွေက

Chorus

Aဒီနေ့ ငါအလိုလို ဝမ်းနည်းနေတယ် အ
Gbmချစ်လေး
နေရာတကာ မင်းမျက်နှာတွေ
Dဟာအပြည့်
ငါလွမ်းလွန်းလို့ပါ ဘယ်
Eနား မင်းပုန်းရှောင်နေ
Aဒီနေ့ အရာရာ ဘာတစ်ခုမှ အဆင်ပြေတာ
Gbmမတွေ့
စုံတွဲများ မျက်စိ
Dရှေ့ ဖြတ်လျှောက်သွားတိုင်းဟေ့
ငါ
Eဝမ်းနည်းစိတ်နဲ့ ကျော်ဖြတ်မယ့် မနက်ဖြန်တွေ

Ending

:||A___ |Gbm___ |D___ |E___ ||:

[ FINE ]