Intro
Verse 1 [Round Chords as Intro]
ငါဒီနေ့ကစ နင့်စိတ်နဲ့ပဲ အသက်ရှူမှာ ငါ့ကိုတုတ်တုတ်မှ မလှုပ်နိုင်အောင် နင်ထပ်ပြုစား
ကျုပ်ကဘောပင် ဒါဆို ခင်ဗျားကစက္ကူစ ပကာသနတွေ ချွတ်ပစ်လိုက် G Fatt မဟုတ်ဘူး မြတ်သူပါ
ကံတရားကိုကပ်တိုး ငါညှိပြီး လာဘ်ထိုးစရာမရှိ ကျုပ်က ခင်ဗျားခြေထောက်နဲ့မတော်တဲ့ ဖိနပ်မျိုးပါ အမိ
မနက်ကိုးနာရီ အိပ်ရာထတာနဲ့ပဲ အမြတ်တနိုး ငါကြည့်ဖို့ နင့်ဓါတ်ပုံကို ငါ့ရဲ့ထပ်ခိုးမှာချည်
ရူးနေပြီပေါ့ ငါယဉ်ယဉ်လေးနဲ့ နင်ပြင်ပေးတဲ့ မနက်စာ စားပြီးသွားကြောင်း Facebook ပေါ်တောင် တင်ချင်သေးရဲ့
တစ်ခါတစ်လေ ကြက်တူရွေးလို ငှက်ကလေးဖြစ်ချင် ဒါမှ နင့်ကိုချစ်တယ် ပြောပြီးလုပ်မယ် Relationship
နောက်ဆို ဘယ်လိုအကြောင်းပြချက်နဲ့မှ အိမ်အလည်မလာနဲ့ ဖုန်းလည်းမဆက်နဲ့ မအားလို့တဲ့ လိမ်တယ် ညာတယ်
သူ့သူငယ်ချင်းတွေရှေ့ မောင်းထုတ်ရင် ပိုသိမ်ငယ်ပါရဲ့ တစ်နေ့တစ်နေ့ ကျုပ်မှာ ကံတရားကို ကျိန်တွယ်ကာဆဲ
မီးလင်းဖိုဘေးနား သီချင်းတွေ ဂစ်တာတီးရင်းဆို ငါ့ရာသီထဲ နင့်အပြုံးတွေသာ သီးပွင့်လို့
ဖွင့်မပြောရဲတဲ့ စိတ်နဲ့ ငါစီးချင်းထိုး ရှက်ဖို့ကောင်းပါတယ် ငါ့မျက်နှာငါ ပြန်လှီးပစ်မလို့
Chorus
Music
Rap 2 [Round Chords as Intro]
အချစ်က မင်းအလှပြင်ခုံထက်က မှန်တစ်ခုမဟုတ် ဒါကြောင့် နင်မဲ့ပြလည်း ငါပြန်ပြုံးမယ် ရန်မပြုလို့
နင့်မိဘ နင့်အတွက် အုတ်တံတိုင်းဆို ငါက အဲ့ဒီအုတ်တံတိုင်းပေါ်က သံစူးကြိုး ဘာလို့ ပြောတာလဲ နင်နဲ့ငါ မတန်ဘူးလို့
ဆုပ်ဖြဲလိုက်တဲ့ ပြက္ကဒိန် အရွက်ဟောင်းတွေလို အသုံးမဝင်တော့ဘူး ခံစားချက်တွေ တစ်ဖက်စောင်းနေလို့
ပလောင် တောင်တက်နှေးလည်း မစားရဘူး လက်ဖက်ကောင်းတွေကို တွေ့တာနဲ့ ကျုပ်ကို မျက်စောင်းတွေထိုး
ဒါဘာဖြစ်လို့ပါလဲ အချစ်ဆုံးရာ မင်းကိုလက်ထပ်ဖို့ မုန့်ဖိုးတွေစုမယ် တစ်နှစ်လုံးစာ
အိပ်မက်က လက်တွေ့မဖြစ်တုန်းမှာ သူရည်းစားရသွားပြီဆိုတော့ မင်းက ဝက်အူလှည့် ငါက မူလီတွေလို အရစ်ပြုန်းသွား
ဝမ်းနည်းပက်လက်နဲ့ အခန်းထဲ ကက်ဆက်ထည့် အဆွေးသီချင်းတွေဖွင့် အရမ်းပဲရက်စက်တယ်
အတူရှိဖူးတဲ့ ရက်စွဲများ မေ့နေလား နင်ညှပ်ချခဲ့တဲ့ လက်သည်းစလေးတွေ
Chorus
Ending
[ FINE ]