Transpose: 0
Scroll Speed: 5/9

အိပ်ရာဝင်ပုံပြင်

တေးရေး: G Fatt
Key: C
[ကြော်ငြာ] သီချင်းစာသားကြည့်ရန် အောက်ကိုဆွဲပါ

Intro

:||C___ |Am___ |F_G_ |C___ ||:

Rap [ Round Chords as Intro ]

ဟိုး​ရှေး​ရှေးတုန်းက လူသား​လေးတစ်​ယောက် မင်းကိုချစ်တယ်​ပြောဖို့ ​မွေးဖွားလာခဲ့
ပြီး​တော့ မင်းနဲ့ဆုံဖို့ နှစ် နှစ်ဆယ်​ကျော်​လောက်ထိ အ​ဝေးကြီးက​နေ အ​​ပြေးအလွှားလာခဲ့တယ်
မင်းမျက်နှာ​လေးကို ထိုင်​ငေးရတာနဲ့ သူ့မှာ မင်းဓါတ်ပုံ​လေး​တွေ ထိုင် Save ရတာနဲ့
မင်းအ​ကြောင်း သီချင်း​​လေးတွေ​ ရေးရတာနဲ့ အိပ်​ရေးမဝ မျက်တွင်းကျ ​သွေးအားပါနည်းတယ်
မင်းက​တော့ ဘယ်အ​လေးထားပါ့မလဲ ​ဘေးနားမှာ ဘဲလေး​တွေ အုံခဲနေတာ
မမှီတဲ့ ပန်း​လေးကို ခုန်ဆွဲ​နေတာ သူ့မှာ ခဏခဏ ပြုတ်ကျတယ် ဖုန်သဲ​တွေကြား
မင်း မကြိုက်တဲ့အရာတွေ မလုပ်ဘဲ​နေမှာ မင်းကြိုက်တဲ့ မုန့်ပဲ သ​ရေစာ
မင်းကြိုက်တဲ့ ရုပ်ရှင် မင်းကြိုက်တဲ့ အရာ​တွေကို သိတတ်လွန်းလို့ တစ်ခြားစုံတွဲ​တွေ အကုန်လဲ​​​သေမှာ
သူ မင်းကို ချစ်တယ် မင်းသူ့ကို ပြန်ချစ်မယ်လို့လဲ မျှော်လင့်​နေတုန်းတဲ့
မင်းဆီက Reply လေးများရရင် အူမြူးကာ ခုန်​ပေါက်ပြီး ​အော်ဟစ်​နေတုန်းပဲ
အ​​ဖြေ​တောင်းရင်​တော့ သူ့မှာ မျက်ရည်ဝဲရတယ် မင်းက ပညာသားပါပါနဲ့ ​လျှော်ပစ်​နေလို့တဲ့
ငိုလိုက် ရယ်လိုက်နဲ့ အိမ်ကလူ​တွေလည်း စိတ်ကျန်းမာ​ရေးဆရာဝန် ​ခေါ်စစ်​နေဦးမယ်
အဲ့လို မင်းကိုရူးတာမှ ထမင်းလွတ် ဟင်းလွတ်ပဲ မြတ်စွာဘုရား ဆင်းချွတ်​လည်း
မကျွတ်တဲ့ သံ​ယောဇဉ်တွေနဲ့​ကောင်ကို မင်းမို့လို့ ငြင်းလွှတ်တယ်
​နောက်ဆုံး ချခင်းထားတဲ့ မာန​လေး​တွေကို တစ်စဆီ ပြန်​ကောက်သိမ်းလိုက်ပါတယ်
မင်းပြောတဲ့ သူငယ်ချင်းဆိုတဲ့ ဂုဏ်ပုဒ်​လေးကို ​သေတဲ့အထိပဲ ငါ​စောင့်ထိန်းလိုက်ပါမယ်

Chorus

Cမင်းလေးက ကိုယ်ထင်ထားတဲ့ထက်ပို လိပ်
Amပြာလှသေးတယ်
Fမ​ကောင်းတဲ့ အတိတ်တို့ ​ခေါင်း
Gထဲဖိတ်လို့ စိတ်
Cနာစရာ မ​တွေးနဲ့
Cအလင်း​ကလေး ကျလာရင် မင်း​ဘေးနား ကိုယ်
Amအရိပ်သာသာလေးပဲ
Fမီး​လေးမှိတ်ကာ မျက်
Gလုံး​လေးပိတ်လို့ အိပ်
Cပါ ညီမ​လေးရယ်

Rap [ Round Chords as Intro ]

မင်းနဲ့သူ အ​နေထား​တွေ တခြားစီ မိုး​ခေါင် ရေရှားသည့် ဒေသ​တွေ သွားပြီး
အိပ်မက်​တွေကို စိုက်ပျိုးမိတဲ့​ကောင် ​မျှော်လင့်ချက်​လေး​တွေပါ ​ဝေဝါး​နေရပြီ
သူငယ်ချင်း​တွေက ​နေသား​တွေကျပြီလား ​မေးရင်​လည်း သူ့မှာ အ​​ဖြေစကား​တွေက မရှိ
ဒီလူ့ကို ထားပြီး ထွက်သွားစမ်းပါ မင်းနင်းတက်ရဦးမယ့် ​လှေကား​တွေ အများကြီး
​ဝေဟင်မှာ လွင့်သွားတဲ့ ​လေတံခွန်နဲ့ ​မြေပြင်က ရစ်ဘီးမျိုးမို့
နှစ်​ယောက်ကြား ဆက်ထားတဲ့ သံ​ယောဇဉ်ကြိုး​တွေကို ​ကောင်မ​​လေးဟာ သစ်စိမ်းချိုးချိုး
အပြန်အလှန် ​ပေးဖူးတဲ့ Nick name အမျိုးမျိုးကို အိပ်မက်ထဲမှာ ​နောက်​ပြောင်ပြီး ​​လျှောက်​ခေါ်​နေတုန်းပဲ
အရင်လို နင်ရင်လာဖွင့်မလားလို Telephone လေးက ပေါက်​ကြောင်ပြီး ​စောင့်​မျှော်​နေတုန်းတဲ့
​ကောင်​လေးက ရယ်ရတယ် ​ကောင်မ​လေးက ဒီဘဝနဲ့ ဒီမျှပဲလို့ ပြောတာ​တောင် ပြန်အဆင်​ပြေချင်တယ်လို့ ဂျီကျတယ်
ဘဝက အစ်ကို​ရေးဖူးတဲ့ သီချင်းတွေလို ကာရံဘယ်ညီပါ့မလဲတဲ့
သူ့ဆုံးဖြတ်ချက်က အတည်တကျပဲ ငါ့မှာ ထုပ်ပိုးထားတဲ့ ခံစားချက်​တွေကို ဖြည်မပြရဲ
ဘိုင်း​ကောင်းကျောက်ဖိထားတဲ့ ညီမငယ် မင်းက ကိုယ်ထင်ထားတာထက်​တောင်မှ မိန်းမပိုပီသတယ်
ခက်ခက်ခဲခဲ တည်​ဆောက်လာခဲ့တဲ့ ခင်မင်မှု​တွေကို အလွယ်​လေး ပစ်ထားခဲ့
​ပျော်ခဲ့ဖူးတဲ့ အတိတ်​တွေနဲ့ အမှတ်တရ​ပေါင်း ​သောင်း​ခြောက်ထောင်ကို ထည့်​တွေးသင့်သားနဲ့
ပုံပြင်​လေးရဲ့အဆုံးမှာ ​ကောင်မ​လေးက ​နောက်တစ်​ယောက်ကို တကယ်​ရွေး ချစ်သွားတယ်
​ကောင်လေးက​တော့ ရင်ကွဲနာကျ ဟိုး ကောင်းကင်ယံမှာ ကြယ်​လေးဖြစ်သွားသတဲ့

Chorus

( ‎
Cမင်းလေးက ကိုယ်ထင်ထားတဲ့ထက်ပို လိပ်
Amပြာလှသေးတယ်
Fမ​ကောင်းတဲ့ အတိတ်တို့ ​ခေါင်း
Gထဲဖိတ်လို့ စိတ်
Cနာစရာ မ​တွေးနဲ့
Cအလင်း​ကလေး ကျလာရင် မင်း​ဘေးနား ကိုယ်
Amအရိပ်သာသာလေးပဲ
Fမီး​လေးမှိတ်ကာ မျက်
Gလုံး​လေးပိတ်လို့ အိပ်
Cပါ ညီမ​လေးရယ် ) x2