Intro
Verse 1 [Round Chords as Intro]
စံပယ်ဖြူလေးနဲ့တွေ့တဲ့နောက်
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် ဘယ်ကောင်နဲ့မှ စစ်မဖြစ်လို့တဲ့
ချာတိတ်ဟာ မင်းအပေါ်မှာကျတော့ သစ်မြစ်လိုတွယ်
ငါဂရုစိုက်တာ ဆက်ဆံရေးတွေ ဒီထက်ကျစ်လစ်ဖို့ပဲဆိုတော့
နှုတ်ခမ်းလေးကို လက်ဝါးနဲ့အုပ်လို့ တခစ်ခစ်ကိုရယ်
ပင်လယ်ကြီးရဲ့အနား သူငယ်ချင်းတွေနဲ့ အတူသွား
ဝိုင်ပုလင်းကိုချ ကိုယ်အဖြေရတဲ့ည စကြဝဠာကြီးကို ပိုင်ခြင်းမျိုးပါ
ဖျော်ဖြေရေးတွေနား အလုပ်တွေပါး နှစ်ယောက်အတူ ဆိုင်ဖွင့်စို့လား
ကိုယ်ရှင်သန်နေသရွေ့ ဒီကမ္ဘာမှာ ဘယ်သူမှ မင်းကိုအနိုင်ကျင့်လို့မရ
Verse 2 [Round Chords as Intro]
ကလောတော့ သွားချင်သေးဟေ့ မေမြို့က ဝါးပင်လေးတွေ
မျက်လုံးလေးမှိတ် စိတ်ကူးနဲ့ပေါ့ ဖန်ဆင်းလို့ နားဆင် Babe
ဆိုင်ခန်းခ လစဉ်ကြေးတွေ ဘာကြောင့်မို့ တအားဝန်လေးနေ
တစ်ယောက်တည်း တွေးမကြောက်နဲ့ ဟေး ကိုယ်ရှိလို့အားအင်ပြည့်စေ
Verse 3 [Round Chords as Intro]
တစ်နေ့မှာ မင်းဟာ ဂါဝန်ဖြူလေးဝတ်လို့ သိပ်လှပနေမယ်
ချစ်တတ်တဲ့ ကိုယ့်ရဲ့လက်မှာ မင်းမိဘတွေလည်း စိတ်ချရစေမယ်
ကိုယ်ဖန်တီးပေးမှာပေါ့ မင်းမှာမရှိတဲ့ မိတ္တဗလတွေလည်း
ဟောဒီကောင်က မင်းခြေလက် သေးသေးလေးတွေနဲ့ အရိပ်ကအစ ကြွေတယ်
မင်းကမသေးမျှင် ငါကတွတ်ပီပေါ့ Minus ဟာ ဗိုက်ကလေးဖြစ်မှာဆိုတော့ သူစွတ်ရယ်ရော
ကိုယ်တကယ် စိတ်မလုံခြုံရခြင်းတွေကြားက လွတ်ပြီနော် ဟုတ်တယ်မလား
ငြိမ်းချမ်းတဲ့ ကဗျာလေးကို ဇာတ်သိမ်းခန်းမှာ ရွတ်သည်ပေါ့
Verse 4 [Round Chords as Intro]
ငွေကြေးတွေ မလောက်ငှသည့်အထဲ ဒီခရီးကို လျှောက်ရသည့်အရွယ်
ကိုယ်ဟာ ဝင်္ကပါထဲ မြေပုံစာရွက်လေး ကောက်ရသည့်နှယ်
စိတ်ဓာတ်တွေ အောက်ကျသွားတိုင်းမှာ အဆင်မပြေမှုတွေကို မင်းအပေါ်မှောက်ချမိတယ်
မင်းတန်ဖိုး နောက်မှသိမယ်လို့ မင်းပြောတော့ ကြောက်လှချည်ရဲ့
ညတွေက အိပ်မက်ဆိုးတွေနဲ့ ယဉ်ပါးဆဲ
မျက်လုံးသာပွင့်မသွားရင် တစ်သက်လုံး ပြန်မနိုးတော့ဘူးတောင် ထင်ရတယ်
ကိုယ်ဘယ်လောက်တောင် အင်အားနည်း မင်းကြည့်ရင် မြင်ရမယ့်အရပ်မှာ
အလံဖြူလေး လွှင့်ထားတယ် မင်းမရှိပဲ နေထိုင်နည်းတွေကိုတော့ မသင်ကြားရဲ
ဒီအရူးက ကိုယ့်ကိုယ်ကို လောကကြီးအကြောင်း အလေ့လာဆုံးထင်
ပေါက်ကရတွေ လုပ်ပြီးရင် မင်းရင်ထဲပဲ အပြေးလာပုန်းချင်
တစ်နေ့မှာ ဝေးရာ မင်းထွက်သွားလို့ မေ့ကာ မုန်းရင်
ဒါက မင်းပြန်လာဖို့ တစ်ခုတည်းသော ကိုယ့်ရဲ့ အရေးပါဆုံး သီချင်း
Chorus
Ending
[ FINE ]