Intro
Verse 1 [Round Chords as Intro]
မြန်မာနိုင်ငံ ရာသီဥတုသုံးပါးထဲက ကောင်းကင်မှာ မိုးတွေအဆုံးစမဲ့
ရွာတဲ့ကာလ ရောက်ရင် နှလုံးသားထဲက အလွမ်းတွေကြောင့် ဝဲတက်လာတဲ့
မျက်ရည်စတွေကို အပြုံးများနဲ့ကာ ဖုံးထားလည်းမရ နင်မုန်းသွားကတည်းက
Verse 2 [Round Chords as Intro]
ထီးမပါဘဲ လမ်းတွေလျှောက် ရပ်ကွက်က အအေးပတ်သေမှာစိုးနေ
မီးမလာတဲ့ ညတွေဆို တစ်ယောက်ထဲ ကဗျာတွေ ရေးစပ်နေတာမျိုးတွေ
အတိတ်တွေက မဟောင်းနိုင်သေးလို့ ငါ့မျှော်လင့်ချက်တွေ
အရည်ပျော်သွားတာ အရှေ့က ဖယောင်းတိုင်လေးလို
အမေက အခန်းတံခါးဝကလာပြီး ခိုးကြည့်သွားတယ်
ငါ့သားလေး အဲ့လောက်အရူးထနေလို့ရော အကျိုးရှိလားတဲ့
ဟာ..အမေမှ မသိတာဗျာ ဟောဒီမှာ ကျွန်တော်ရဲ့ မိုးမိသွားတဲ့
အိပ်မက်တွေအကြောင်း သူပြန်လာရင် ဆိုပြမလို့ ဂစ်တာလေးတောင် ကြိုးညှိထားတယ်
Verse 3 [Round Chords as Intro]
သူ့အိမ်ကို သွားပြောပေးစမ်းပါဗျာ ကျွန်တော်အရင်လိုမျိုး
တစောက်ကန်းတွေလုပ်ပြီး စောက်ရမ်းတွေမရှုပ်တော့ဘူးလို့
လောကဓံတွေ ဘယ်လောက်ကြမ်းပါစေ..အော်
အမေ့အိမ်ရှေ့လေးထဲမှာပဲ နှစ်ယောက်တစ်ခန်းနေမလို့
ပြီးခဲ့တဲ့ သင်္ကြန်ကတောင် တစ်နှစ်မှာတစ်ခေါက် သစ္စာမဖောက်တမ်း ကြွေတဲ့
ပိတောက်ပန်းတွေအချို့ ဘုရားမှာကပ်နေဆဲ ပါးမှာပါးကွက်တွေနဲ့
အားနာတတ်လေတဲ့ ကောင်မလေးတွေတွေ့ရင် သားမှာမျက်ရည်ဝဲ
နောက်ကျောမှာ မထိုးဘဲ အခုတ်ခံထားတဲ့ ဓားရာချက်တွေမနည်း
ငါဒီအလွမ်းတွေကြားမှာ ညှပ်နေတဲ့အချိန် နင့်ကို ဘယ်နွားက ခါးလာဖက်နေလဲ
Verse 4 [Round Chords as Intro]
ညှို့...မရွာနဲ့မိုး...မိုး...
မင်းရွာချရင် ငါ့ရင်ထဲက အလွမ်းတွေပိုသည်းလို့
ဟိုး အရင်အတိတ်ကို တစ်ခေါက်ပြန်ရောက်ချင်စိတ်ကို
ဘယ်လိုထိန်းချုပ်ရမလဲ နင်ပြောပါဦး နင်ပြောပါဦး
အချစ်ဆုံးသူငယ်ချင်းတွေနဲ့တောင်မှ စိတ်မချတဲ့ငါက
ခုတခြားသူလက်ထဲနင့်ကို ထည့်ကာပေးလိုက်ရတဲ့ အခါကျ
ငါဘယ်လောက်တောင်မှ ယူကျုံးတွေမရဖြစ်နေလဲ
နင်သိရဲ့လား(ဟမ်)..နင်သိရဲ့လား
Verse 5 [Round Chords as Intro]
ခင်ဗျားတို့ရဲ့ နားတွေကိုစွံ့နေပါဗျို့ ဇာတ်လမ်းက အခုမှ နိဒါန်းအစပျိုးတာ
ကြည့်စမ်းပါဦးဗျာ ကျွန်တော့်စက္ကူလှေလေး တွန့်ကြေကာ ကျိုးသွားတယ်
ထိနမ်းစရာ တို့စရာ ပါးပြင်လေးမရှိတော့မှ ဒီလမ်းမှာမိုးများထသည်းတော့
ခြေထောက်လေးကိုရွှံ့ပေမှာစိုးလို့ အရင်လို
ချီထမ်းပါ ပိုးပါဆိုပြီး သူဂျီလည်းကျဦးမလား
ဟမ်..တစ်ခါပြန်မြင်ယောင်နေဆဲ နင့်ဘေးမှာ နှစ်သိမ့်ချင်ယောင်ဆောင်
ဝင်ညှောင်နေတဲ့ ဆံပင်ထောင်ကေနဲ့ စောက်ပေါတွေကိုရောပြီး
ငါရိုက်သတ်ပစ်လိုက်ချင်တယ် ယင်ကောင်တွေနဲ့
နင်တောင် ငါမကြိုက်တဲ့ ယောကျ်ားလေးတွေကို တမင်ရှောင်မနေဘဲ ပေါင်းပေမယ့်
ငါကတော့ နင်သဝန်ကြောင်စေမယ့် မိန်းမတွေနဲ့ အခုအချိန်အထိကို မခင်အောင်နေတယ်
Verse 6 [Round Chords as Intro]
ဒီသီချင်းကတော့ နင်မုန်းတဲ့အရည်တွေသောက်ပြီး ရေးတာဗျို့
ငါက နင့်ရဲ့ခေါက်ထီးလေးပါဆို ဟိုး မိုင်တွေဘယ်လောက်ပဲဝေးကွာဦး
မိုးတွေခြိမ်းရင် ကြောက်ပြီးပြေးလာခိုမယ်လို့ ကတိတွေလျှောက်ပြီးပေးတာကို
အဲ့ကတိတွေကြောင့် မိုးတွေခြိမ်းတော့ နင်ပြန်လာမှာစောင့်ပြီး ဂေါက်သီးလေးခမျာငို
Verse 7 [Round Chords as Intro]
ဦးနှောက်ကပဲ ဆယ်ပြားလိုနေတာလား ဒါမှမဟုတ်
နှလုံးသားကပဲ ဦးနှောက်ထက်ကို အရွယ်အစားပိုတာလား
ဒဏ်ရာတွေကိုသီပြီး လွယ်ထားသလိုပါဗျာ
ဘယ်လိုပဲဖြစ်ဖြစ် နင့်ကိုဘဝထဲက ဖယ်မရှားလိုပါ ငါ
မိုးတွေရှယ်တအားကို ရွာချရင် နင်တို့လမ်းထိပ်အုတ်ခုံမှာ
တကယ်သွားငိုတာပါ ချမ်းလွန်းလို့ ငါမှာအရိုးပါအေးတဲ့အထိပဲ
ငယ်ငယ်က နင့်ကိုခိုးကာပေးခဲ့မိတဲ့ ပိုးစာပန်းစာလေးတွေကြောင့်
အရိုက်ခံရလို့ ငါ့မှာအရှိုးရာလေးလည်းရှိတယ်
ပြီးတော့ နင်နဲ့ဆင်တူဝယ်ဖူးတဲ့ မိုးကာလေးလည်းရှိတယ်
ငါနင့်ကို ဘယ်လောက်ထိချစ်လဲဆိုတာ
အဲ့ဒီအရှိုးရာလေးနဲ့ မိုးကာလေးလည်းသိတယ်
Verse 8 [Round Chords as Intro]
နင်နဲ့ငါ ဘယ်သူပိုပုလဲလို့ အရပ်ပြိုင်တူညှိတာတွေ
နှာခေါင်းချင်းတေ့ပြီးတော့ အသက်ပြိုင်ရှူကြည့်တာတွေ
လမ်းလျှောက်ရင်းနဲ့ ဗွက်အိုင်တစ်ခုအနီးမှာ တွေ့ရင်
သိပ်ရွံတတ်တဲ့နင့်ကို တွန်းချပြီးတော့ ထပ်အနိုင်ယူမိတာတွေ
ဟောဒီက သံယောဇဉ်မပြတ်နိုင်သူကြီးရဲ့ ဒီအလွမ်းတွေကို
နင့်ရဲ့ လက်ရှိသက်ဆိုင်သူသိပါစေ သက်ဆိုင်သူသိပါစေ
Verse 9 [Round Chords as Intro]
ငါကြိုရွေးထားတဲ့ နင်နဲ့အလိုက်ဆုံး ဗိုက်ဖုံးအင်္ကျီလေး
အခုတော့ လွှင့်ပစ်လိုက်ပြီ အမှတ်တရပေါင်းစုံ အမှိုက်ပုံးလေးဆီပြေး
မင်းသမီးနဲ့ မင်းသားကဝေး ဇာတ်သိမ်းမှာဆွေးရတဲ့ ရုပ်ရှင်တွေကြည့်ရင် ပိုလွမ်းမိတယ်ဟေ့
နင့်ဖက်နင်တွေး ငါ့ဖက်ကိုမေ့ ဖြောင့်မတ်တဲ့ နင့်အချစ်တွေ သက်တန့်လိုကွေး
နင်ကြိုက်တဲ့ မုန့်တီအသုပ်ဆိုင်ရှေ့ ဖြတ်လျှောက်တိုင်း ငါငေး
စားပွဲဝိုင်းလေးမှာ ငါတို့တုန်းကလို အတွဲလေးများစွာအပြည့်
ကလေးတွေ ကျောင်းဆင်းတဲ့အချိန်တွေရောက်ရင် အရမ်းသတိရတာတွေ
နင့်ထမင်းချိုင့်လေး ကိုင်ပေးခဲ့ဖူးတာ Monday to Friday ဟေး...ရေး..
အေး...အေးး....အေး..ရေး...အေး...အေး
နင်ကြိုက်တဲ့ မုန့်တီအသုပ်ဆိုင်ရှေ့ ဖြတ်လျှောက်တိုင်း ငါငေး..ရေး...အိုး..အို..
မင်းသမီးနဲ့ မင်းသားကဝေး ဇာတ်သိမ်းမှာဆွေးရတဲ့
ရုပ်ရှင်တွေကြည့်ရင် ပိုလွမ်းမိတယ်ဟေ့..ဟေ့....ဟေ့...
ကလေးတွေ ကျောင်းဆင်းတဲ့အချိန်တွေရောက်ရင် အရမ်းသတိရတာတွေ
နင့်ထမင်းချိုင့်လေး ကိုင်ပေးခဲ့ဖူးတာ Monday to Friday ဟေး...ရေး..
Ending
နင်သိပ်သနားတတ်တဲ့ လှောင်အိမ်ထဲက စာကလေးတွေတွေ့ရင်
ငါဝယ်ပြီး လွှတ်လိုက်တဲ့ ကုသိုလ်တွေ နင့်အတွက်အမျှလေး ဝေပေးနေတယ်
ပြီးတော့ နင့်အကြောင်းကဗျာလေးတွေရေးနေတယ်
ခေါင်းစဉ်က အကယ်၍ ကျွန်တော့်ချစ်သူအမွှာလေးတွေမွေးရင်